သီလရှင် ဆရာလေးတစ်ပါး အထီးကျန်လို့ဆိုကာ ရတနာပုံတံတားပေါ်ကနေ မြစ်အတွင်းသို့See more

Local News

Zawgyi

အထီးက်န္လုိ႔ဆုိျပီး သီလရွင္ ဆရာေလးတစ္ပါး ရတနာပုံတံတားေပၚကေန… See more

ဧရာ၀တီတံတား(ရတနာပုံ) ကေန ကိုးတန္းေက်ာင္းသူ သီလရွင္ဆရာေလးတစ္ပါး ယေန႔ နံနက္ ၁၁ နာရီ က ဧရာဝတီျမစ္ထဲ ခုန္ခ်မွု ျဖစ္ပြားခဲ့တယ္လုိ႔အေရးေပါကယ္ဆယ္ေရး (စစ္ကိုင္း) ကေနသိရပါတယ္။

အေရးေပၚကယ္ဆယ္ေရး (စစ္ကိုင္း) အရင္ေန႕က ခုုန္ခ်တဲ႕ အမ်ိဳးသားအေလာင္းကိုု ရွာေဖြေနခ်ိန္မိုု႕ ခုန္ခ်ခဲ႕တဲ႕ ေနရာမွာ သီလရွင္ ဆရာေလးကိုု ခ်က္ျခင္းကယ္ဆယ္နိုင္ခဲ႕တယ္လုိ႕ သိရပါတယ္။

” ဆရာေလးကုိေမးႀကည့္ေတာ့ အထီးက်န္လုိ႕ ခုန္ခ်တာလုိ႔ေျပာတယ္ IBEC တက္ေနတဲ့ ကိုးတန္းေက်ာင္းသူ ဆရာေလးဗ် ရတနာပုံတံတားနဲ႔ စစ္ကိုင္းတံတားၾကားမေန႔ ကခုန္ခ်တဲ႕အမ်ိဴ းသားကုိရွာေနတုန္း လွမ္းေတြ႕လုိက္တာ

ခုန္ခ်တဲ႕ေနရာမွာဆရာေလးကျပန္ေပၚလာလုိ႕အဲ႕နားက တံငါသည္ေတြက ဆယ္ထားတာ ဒါကနဲ႕ က်ေနာ္တုိ႔ ေရျပင္ကေနခ်က္ျခင္းကယ္ဆယ္နိုင္ခဲ႔တယ္လုိ႕” အေရးေပၚ ကယ္ဆယ္ေရး(စစ္ကိုင္း) က ကိုပုိင္ျဖိဳးသူ ကေျပာပါတယ္။ကယ္ဆယ္ရတဲ႕ သီလရွင္ဆရာဆရာေလးကိုု ခုုတင္ ၂၀၀ ေဆးရံုုၾကီးကိုု တင္ပိုု႕ျပီး ခုုေက်ာင္းထိုုင္ဆရာၾကီးက လာေခၚသြားသလိုု နယ္ေျမခံရဲကလည္း စစ္ခ်က္ယူသြားတယ္လိုု႕သိရပါတယ္။

ဒီႏွစ္မွာ ရတနာပံုုတံတားေပၚကေန စစ္ကိုုင္းျမိဳ႕နယ္ ေက်ာက္ဆည္ကုုန္းရြာက ေမာင္ျပည္ဟိန္းထက္ဆိုုတဲ႕ လူငယ္တဦး ခုုန္ခ်ခဲ႕ျပီး ၃ရက္ေျမာက္မွ အေလာင္းေတြ႕ခဲ႕ပါတယ္။ဒီလိုုအလားတူ ၿပီးခဲ့တဲ့ ၉ ရက္ေန႔ က မင္းလမ္းရပ္မွာေနတဲ႕ ဦးနုိင္ေအာင္ရင္ ၅၂ နွစ္ က အင္းဝ(စစ္ကုိင္း) တံတား စစ္ကုိင္းဘက္ျခမ္းက ခုန္ခ်ခဲ႕ကာ ဒီေန႕ထိ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က ေရျပင္ကယ္ဆယ္ေရး ဆက္လက္ေဆာင္ရြက္ေနရဆဲျဖစ္ပါတယ္။

ခုုလိုု တံတားေပၚက ခုန္ခ်ျပီးေသေႀကာင္းႀကံစည္တာေတြ ခပ္စိတ္စိတ္ျဖစ္လာတာဟာ ေခတ္စားေနတဲ႕ ေသေႀကာင္းႀကံစည္မႈျဖစ္ေနျပီလုိ႕ စစ္ကုိင္းျမိဳ႕ေဒသခံေတြၾကား ေျပာဆိုုေနၾကပါတယ္။

Unicode

အထီးကျန်လို့ဆိုပြီး သီလရှင် ဆရာလေးတစ်ပါး ရတနာပုံတံတားပေါ်ကနေ… See more

ဧရာဝတီတံတား(ရတနာပုံ) ကနေ ကိုးတန်းကျောင်းသူ သီလရှင်ဆရာလေးတစ်ပါး ယနေ့ နံနက် ၁၁ နာရီ က ဧရာဝတီမြစ်ထဲ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့အရေးပေါကယ်ဆယ်ရေး (စစ်ကိုင်း) ကနေသိရပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး (စစ်ကိုင်း) အရင်နေ့က ခုန်ချတဲ့ အမျိုးသားအလောင်းကို ရှာဖွေနေချိန်မို့ ခုန်ချခဲ့တဲ့ နေရာမှာ သီလရှင် ဆရာလေးကို ချက်ခြင်းကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

” ဆရာလေးကိုမေးကြည့်တော့ အထီးကျန်လို့ ခုန်ချတာလို့ပြောတယ် IBEC တက်နေတဲ့ ကိုးတန်းကျောင်းသူ ဆရာလေးဗျ ရတနာပုံတံတားနဲ့ စစ်ကိုင်းတံတားကြားမနေ့ ကခုန်ချတဲ့အမျိူ းသားကိုရှာနေတုန်း လှမ်းတွေ့လိုက်တာ

ခုန်ချတဲ့နေရာမှာဆရာလေးကပြန်ပေါ်လာလို့အဲ့နားက တံငါသည်တွေက ဆယ်ထားတာ ဒါကနဲ့ ကျနော်တို့ ရေပြင်ကနေချက်ခြင်းကယ်ဆယ်နိုင်ခဲ့တယ်လို့” အရေးပေါ် ကယ်ဆယ်ရေး(စစ်ကိုင်း) က ကိုပိုင်ဖြိုးသူ ကပြောပါတယ်။ကယ်ဆယ်ရတဲ့ သီလရှင်ဆရာဆရာလေးကို ခုတင် ၂၀၀ ဆေးရုံကြီးကို တင်ပို့ပြီး ခုကျောင်းထိုင်ဆရာကြီးက လာခေါ်သွားသလို နယ်မြေခံရဲကလည်း စစ်ချက်ယူသွားတယ်လို့သိရပါတယ်။

ဒီနှစ်မှာ ရတနာပုံတံတားပေါ်ကနေ စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကုန်းရွာက မောင်ပြည်ဟိန်းထက်ဆိုတဲ့ လူငယ်တဦး ခုန်ချခဲ့ပြီး ၃ရက်မြောက်မှ အလောင်းတွေ့ခဲ့ပါတယ်။ဒီလိုအလားတူ ပြီးခဲ့တဲ့ ၉ ရက်နေ့ က မင်းလမ်းရပ်မှာနေတဲ့ ဦးနိုင်အောင်ရင် ၅၂ နှစ် က အင်းဝ(စစ်ကိုင်း) တံတား စစ်ကိုင်းဘက်ခြမ်းက ခုန်ချခဲ့ကာ ဒီနေ့ထိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ရေပြင်ကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။

ခုလို တံတားပေါ်က ခုန်ချပြီးသေကြောင်းကြံစည်တာတွေ ခပ်စိတ်စိတ်ဖြစ်လာတာဟာ ခေတ်စားနေတဲ့ သေကြောင်းကြံစည်မှုဖြစ်နေပြီလို့ စစ်ကိုင်းမြို့ဒေသခံတွေကြား ပြောဆိုနေကြပါတယ်crd

 

 

Leave a Reply

Your email address will not be published.