ဖခင်ဖြစ်သူရဲ့ သီချင်းတွေနဲ့ ပါတ်သက်ပြီး အပြင်းထန်ဆုံး ပြောလာတဲ့ စိုင်းထီးဆိုင်ရဲ့သမီး ဆိုင်စံ

Cele News

တစ်ခေတ်တစ်ခါက နာမည်ကျော်ရေပန်းစားခဲ့တဲ့ တေးသံရှင်ကြီး ဦးစိုင်းထီးဆိုင်ကတော့ လူဆုံးသွားပေမယ့် နာမည်မဆုံးသေးတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဦးစိုင်းထီးဆိုင်ရဲ့ သီချင်းတွေဖြစ်တဲ့ “ချစ်တာတစ်ခုတည်းသိတယ်၊ ချစ်ရီကိုသာ ပန်ပါကွယ်၊ ချစ်သူလမ်းကြား၊ သံလွင်ချောင်းခြား၊ နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်” စတဲ့ သီချင်းတွေက ယနေ့အချိန်ထိ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေသည်ထိကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဥသြ” ရယ်လို ပရိသတ်က ချစ်စနိုးနဲ့ ခေါ်ကြရတဲ့ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံကတော့ ဖခင်ရဲ့ ဂီတ အမွေကို ဆက်ခံကာ တေးသီချင်းများစွာကို သူမရဲ့ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဖန်တီးလျက်ရှိပါတယ်။

တကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတဲ့ ဆိုင်းစံက ပထမအခွေမှာတော့ ဖခင်ရဲ့သီချင်းတွေကို သူမရဲ့ ကိုယ်ပိုင်ဟန်နဲ့ သီဆိုခဲ့တာ ဖြစ်ပြီး ဒုတိယအခွေ ဆုတောင်းအယ်လ်ဘမ် မှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့ သီဆို ဖန်တီးထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လတ်တလောမှာတော့ ဂီတလောကမှာCover Songတွေပြန်လည်သီဆိုတာ ခေတ်စားလာခဲ့ပြီး Trend ဖြစ်နေတဲ့အရာတစ်ခုလို့တောင်ဆိုရမှာပါ။

သို့ပေမယ့်တကယ့်ကိုသီချင်းကောင်းတွေကိုCover Songပြန်လည်သီဆိုကြတဲ့အခါမှာ မူရင်းအဆိုရှင်ကိုမမှီရင်တောင် အနည်းဆုံးသီချင်းရဲ့ရသမပျက်သွားဖို့အရေးကြီးပေမယ့် တချို့သောCover songပြန်လည်သီဆိူမှုတွေကတော့ ဂီတချစ်ပရိသတ်တွေစိတ်ဆိုးစေတဲ့အထိဖြစ်လာခဲ့တာပါ။

Cover Songတွေပြန်လည်သီဆိုမှုနဲ့ပတ်သက်ပြီး ဂီတလောကရဲ့ ဆရာတစ်ဆူထဲကတစ်လက်ဖြစ်တဲ့ဦးစိုင်းထီးဆိုင်ရဲ့သီချင်းတွေလည်း ပါဝင်လာတာတွေ့ရပါတယ်။

ဦးစိုင်းထီးဆိုင်ရဲ့သီချင်းတွေကိုပြန်လည်ပြီးCover သီဆိူမှုနဲ့ပတ်သက်ပြီးဒီနေ့မှာတော့သမီးဖြစ်သူHsengSamကတော့တရားဝင်ထုတ်ပြောလာခဲ့တာပါ။

ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)

Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး။

တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင် ။

ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ် ။တေးသံရှင်စိုင်းထီးဆိုင်မိသားစု မှတ်ချက်။ ။ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်

ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ

”ဆိုတဲ့စာလေးနဲ့ တင်ကာ သတိပေးတားမြစ်ခဲ့တာပါ။ထိုတားမြစ်ချက်ကို ပရိသတ်တွေအများစုက လက်ခံကာ သဘောကျခဲ့ကြတာပါ။crd

Leave a Reply

Your email address will not be published.