Zawgyi
ခင္ပြန္း၏သူငယ္ခ်င္းဆိုျပီး ထမင္းစားခ်င္လို႔ဟုေျပာ၍ မိန္းမျဖစ္သူမွ ထမင္းေကၽြးရာမွ… See more
သာေပါင္းၿမိဳ႕နယ္တြင္ ခင္ပြန္း၏ သူငယ္ခ်င္းဟုဆိုကာ ထမင္းေတာင္းစား၍ အတင္းအဓမၼသားမယားျပဳက်င့္ခဲ့သည္ဆိုသူကို အမႈဖြင့္ အေရးယူထားေၾကာင္း ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕မွသိရသည္။
ျဖစ္စဥ္မွာ ယမန္ေန့ညေန ၄ နာရီအခ်ိန္ခန႔္ တြင္ သာေပါင္းၿမိဳ႕နယ္ က်ားရဲေက်း႐ြာအုပ္စုေန အသက္ ၃၆ ႏွစ္အ႐ြယ္ လယ္လုပ္သူ အမ်ိဳးသမီးသည္လယ္တဲအျပင္၌ ၃ ႏွစ္အ႐ြယ္ ကေလးႏွင့္အတူရွိေနစဥ္ ဘုရားနီေက်း႐ြာေန သန္းလြင္ဦးဆိုသူ ေရာက္ရွိလာၿပီး
“နင့္ေယာက္်ားနဲ႔ငါနဲ႔ကသူငယ္ခ်င္းေတြ ငါထမင္းစားခ်င္လို႔”ဟု ေျပာသျဖင့္ သူမက ထမင္းဟင္းထည့္ေပးခဲ့သည္။ သန္းလြင္ဦး မွာ ထမင္းစားၿပီးေနာက္ ေဆးလိပ္ေသာက္ခ်င္လို႔ဟု ေျပာဆိုသျဖင့္ ေနအိမ္ထဲတြင္ ေဆးလိပ္သြားယူကာ မီးျခစ္ကို မီးဖိုေခ်ာင္ထဲ မွ ယူေပးစဥ္
သန္လြင္ဦးက တိုင္ၾကားသူမ်ိဳးသမီးကိုေပြ႕ခ်ီကာ အိပ္ခန္းထဲသို႔ေခၚေဆာင္ၿပီး အတင္းအဓမၼသားမယာအျဖစ္ျပဳက်င့္ရန္ ႀကံစည္ေနစဥ္ အနီးရွိ လယ္ထဲ၌ေနထိုင္သူဦးစိုးစိုး ေရာက္လာသျဖင့္ သန္းလြင္ဦး မွ ခဏရပ္ကာပုဆိုးကိုျပန္ဝတ္ခဲ့သည္။ထို႔ေနာက္ ဦးစိုးစိုးျပန္သြားစဥ္ သန္းလြင္ဦးက သူမအား သားမယားအျဖစ္ ျပဳက်င့္ကာျပန္သြားခဲ့သည္။
၎ေနာက္ သူမက အျပင္မွ ျပန္လာသည့္ ခင္ပြန္းျဖစ္သူကို အက်ိဳးအေၾကာင္းေျပာကာသက္ဆိုင္ရာသို႔တိုင္ၾကားခဲ့သည္။သာေပါင္းၿမိဳ႕မရဲစခန္းက(ပ) ၃၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္ကာ စခန္းမႉး ဒုရဲမႉး စိုးသင္းက ျပစ္မႈက်ဴးလြန္သူ သန္းလြင္ဦး (၃၁)ႏွစ္ကို ဖမ္းဆီးအေရးယူထားသည္။
Unicode
ခင်ပွန်း၏သူငယ်ချင်းဆိုပြီး ထမင်းစားချင်လို့ဟုပြော၍ မိန်းမဖြစ်သူမှ ထမင်းကျွေးရာမှ… See more
သာပေါင်းမြို့နယ်တွင် ခင်ပွန်း၏ သူငယ်ချင်းဟုဆိုကာ ထမင်းတောင်းစား၍ အတင်းအဓမ္မသားမယားပြုကျင့်ခဲ့သည်ဆိုသူကို အမှုဖွင့် အရေးယူထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၄ နာရီအချိန်ခန့် တွင် သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စုနေ အသက် ၃၆ နှစ်အရွယ် လယ်လုပ်သူ အမျိုးသမီးသည်လယ်တဲအပြင်၌ ၃ နှစ်အရွယ် ကလေးနှင့်အတူရှိနေစဉ် ဘုရားနီကျေးရွာနေ သန်းလွင်ဦးဆိုသူ ရောက်ရှိလာပြီး
“နင့်ယောက်ျားနဲ့ငါနဲ့ကသူငယ်ချင်းတွေ ငါထမင်းစားချင်လို့”ဟု ပြောသဖြင့် သူမက ထမင်းဟင်းထည့်ပေးခဲ့သည်။ သန်းလွင်ဦး မှာ ထမင်းစားပြီးနောက် ဆေးလိပ်သောက်ချင်လို့ဟု ပြောဆိုသဖြင့် နေအိမ်ထဲတွင် ဆေးလိပ်သွားယူကာ မီးခြစ်ကို မီးဖိုချောင်ထဲ မှ ယူပေးစဉ်
သန်လွင်ဦးက တိုင်ကြားသူမျိုးသမီးကိုပွေ့ချီကာ အိပ်ခန်းထဲသို့ခေါ်ဆောင်ပြီး အတင်းအဓမ္မသားမယာအဖြစ်ပြုကျင့်ရန် ကြံစည်နေစဉ် အနီးရှိ လယ်ထဲ၌နေထိုင်သူဦးစိုးစိုး ရောက်လာသဖြင့် သန်းလွင်ဦး မှ ခဏရပ်ကာပုဆိုးကိုပြန်ဝတ်ခဲ့သည်။ထို့နောက် ဦးစိုးစိုးပြန်သွားစဉ် သန်းလွင်ဦးက သူမအား သားမယားအဖြစ် ပြုကျင့်ကာပြန်သွားခဲ့သည်။
၎င်းနောက် သူမက အပြင်မှ ပြန်လာသည့် ခင်ပွန်းဖြစ်သူကို အကျိုးအကြောင်းပြောကာသက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။သာပေါင်းမြို့မရဲစခန်းက(ပ) ၃၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှူး ဒုရဲမှူး စိုးသင်းက ပြစ်မှုကျူးလွန်သူ သန်းလွင်ဦး (၃၁)နှစ်ကို ဖမ်းဆီးအရေးယူထားသည်။crd