၄၆နှစ်အကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာ ၎င်းတို့ရဲ့ပထမဆုံးသောကလေးများဖြစ်တဲ့ အမွှာနှစ်ယောက်ကို မွေးဖွားနိုင်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီး..See more. ..

Lifestyle

၄၆နှစ်အကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာ ၎င်းတို့ရဲ့ပထမဆုံးသောကလေးများဖြစ်တဲ့ အမွှာနှစ်ယောက်ကို မွေးဖွားနိုင်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး

အချို့သောစုံတွဲများဟာ လက်ထပ်ပြီးပြီးချင်း ကလေးမွေးတန်ကြပေမဲ့ အချို့သောစုံတွဲများအဖို့ ၎င်းတို့ရဲ့ကလေးအား ၎င်းတို့ရဲ့မျက်စိရှေ့မှာမြင်ရဖို့အတွက် နှစ်ပေါင်းများစွာစောင့်ဆိုင်းနေကြရပါတယ်။


Nigerian ဇနီးမောင်နှံနှစ်ယောက်အနေနဲ့ကလည်း ၎င်းတို့ရဲ့ရင်သွေးလေးကို ၎င်းတို့ရဲ့လက်ထဲမှာချီထားနိုင်ဖို့အတွက် ဆယ်စုနှစ်လေးခုကျော်အထိ စောင့်ဆိုင်းခဲ့ကြရပါတယ်။အသက် ၆၈ နှစ်အရွယ် Margaret Adenuga အမည်ရှိအမျ်ုးသမီးတစ်ဦးဟာ ၄၆ နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာ လှပတဲ့အမွှာကလေးများကို မကြာသေးခင်ကမွေးဖွားနိုင်ခဲ့ပါတယ်။

Margaret ဟာ သူမရဲ့ပထမဆုံးကိုယ်ဝန်ကိုမဆောင်ခင်မှာ IVF လုပ်ထုံးလုပ်နည်းများကို သုံးကြိမ်အထိပြုလုပ်ခဲ့ပြီးပါပြီ။သူမရဲ့ခင်ပွန်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် Noah Adenuga ကလည်း သူတို့ဟာ ၁၉၇၄ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး သူတို့ရဲ့ကလေးကို အရမ်းလိုချင်နေခဲ့တာကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ကလေးရဖို့အတွက်ကြိုးစားတဲ့ခရီးတစ်လျှောက်မှာ ကျရှုံးမှုများကို အများကြီးကြုံတွေ့ခဲ့ရပေမဲ့ Margaret နဲ့ Noah ကတော့ဘယ်တော့မှလက်မလျှော့ခဲ့ကြပါဘူး။“ကျွန်တော့်မှာ အိမ်မက်တစ်ခုရှိတယ်၊ ကျွန်တော်တို့ရဲ့အိပ်မက်တွေ၊ ဆန္ဒတွေတကယ်ဖြစ်လာလိမ့်မယ်လို့ယုံကြည်တယ်” ဟု ပင်စင်စားတစ်ဦး ဖြစ်တဲ့ Noah က ဆိုခဲ့ပြီး “ ဘယ်လိုနည်းဘဲဖြစ်ဖြစ် ကျွန်မနဲ့သူက ကျွန်မတို့ရဲ့မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်ပစ်ခဲ့ကြဘူး၊ ဘုရားကျောင်းမှာ ဘုရားသခင်မလုပ်ပေးနိုင်တာဘာမှမရှိဘူးဆိုတဲ့သက်သေတွေအများကြီးကို ကျွန်မမြင်ဖူးတယ် ၊ဒါကြောင့် ကျွန်မအဲဒါကို ယုံကြည်တယ်၊ ဘုရားသခင်က အဲဒါကိုလုပ်လိမ့်မယ်လို့ယုံကြည်ခဲ့တယ်” ဟု Margaret ကပြောကြားခဲ့ပါတယ်။


ယနေ့အချိန်အထိ ၎င်းတို့ကြိုးစားခဲ့သမျှအရာအားလုံးဟာ ၎င်းတို့ယုံကြည်တဲ့ဘုရားသခင်က ၎င်းတို့အား သားလေးနှင့်သမီးလေးတို့ကို ကောင်းချီးပေးခဲ့ပုံရကြောင်း Margaret က ဆိုခဲ့ပါတယ်။အဆိုပါအမွှာလေးများကို ပြီးခဲ့တဲ့မတ်လက Lagos Education (LUTH) ဆေးရုံရှိ Margaret ရဲ့ ၃၇ ပတ်ကိုယ်ဝန်မှာ ခွဲစိတ်မွေးဖွားခြင်းဖြင့် မွေးဖွားခဲ့ပါတယ်။


အမွှာများကို ကြိုဆိုပေးခဲ့တဲ့ ဒေါက်တာ Adeyemi Okunowo က အသက်ကြီးတဲ့အမျိုးသမီးများက IVF မှတဆင့်သန္ဓေတည်နိုင်တယ်ဟုဆိုသော်လည်း ဆရာဝန်များက ထိုအသက်အရွယ်တွင် ကိုယ်ဝန်နှင့်ဆက်စပ်တဲ့ကျန်းမာရေးအန္တရာယ်များကို ဖြစ်ပေါ်စေတတ်ကြောင်း ဝန်ခံထားကြပါတယ်။

“ အသက်ကြီးတဲ့အမျိုးသမီးအနေနဲ့ သူမရဲ့ပထမဆုံးအကြိမ်ကိုယ်ဝန်က အန္တာရာယ်များနေခဲ့တယ်၊ ဒါ့ပြင် အမွှာကလည်းဖြစ်နေတော့ ပိုသတိထားပြီး မွေးပြီးသွားတဲ့အထိ စောင့်ကြည့်ခဲ့ရတယ်၊ နောက်ကျမှကိုယ်ဆောင်ပြီးကလေးမွေးဖွားခြင်းက ကိုယ်ဝန်နဲ့ဆိုင်တဲ့ဆေးဘက်ဆိုင်ရာအခက်အခဲတွေရှိနေခဲ့တယ် ၊


ကံကောင်းစွာနဲ့ဘဲ Margaret က အရမ်းကံကောင်းနေခဲ့တယ်၊ဒါမဲ့ မီးဖွားပြီးတဲ့နောက်မှာ တစ်ခြားနောက်ဆက်တွဲတွေဖြစ်လာနိုင်ခြေရှိလာနိုင်သေးတယ် ”ဟု ဒေါက်တာ Adeyemi က နောက်ကျမှကိုယ်ဝန်ဆောင်နှင့်ပတ်သက်ပြီး ထိုကဲ့သို့ဆိုခဲ့ပါတယ်။၄၆ နှစ်ချိန်တဲ့အချိန်ကာလက တိုတောင်းတဲ့အချိန်ကာလမဟုတ်ပါဘူး။သူတို့ဇနီးမောင်နှံအတွက် ဂုဏ်ယူမိပါတယ်ဗျာ။crd

Leave a Reply

Your email address will not be published.