ပရိုမိုးရှင်းချသည့်အနေနဲ့ မည်သူမဆို ကော်ဖီအလကားလာသောက်နိုင်ကြောင်း ကြော်ငြာခဲ့ရာမှ ဇလုံ၊ ပုံး၊ ရေသန့်ဘူးကြီးတွေ အိမ်ကနေ ယူလာခဲ့ကြသောအဖြစ်

International News

ပရိုမိုးရှင်းချသည့်အနေနဲ့ မည်သူမဆို ကော်ဖီအလကားလာသောက်နိုင်ကြောင်း ကြော်ငြာခဲ့ရာမှ

ဇလုံ၊ ပုံး၊ ရေသန့်ဘူးကြီးတွေ အိမ်ကနေ ယူလာခဲ့ကြသောအဖြစ်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ နာမည်ကြီး ကော်ဖီဆိုင်တစ်ဆိုင်သည် ပရိုမိုးရှင်းချသည့်အနေနဲ့ မည်သူမဆို ဆိုင်ကကော်ဖီ

၃၅၅မီလီလီတာ အခမဲ့လာသောက်နိုင်ကြောင်း ကြော်ငြာခဲ့ရာ ချက်ချင်းပဲ ဆိုင်မှာ လူတွေစည်ကားခဲ့သည်။

ပရိုမိုးရှင်းရတယ်ဆိုတာနဲ့ အလကားအများကြီးသောက်ရဖို့ လူတိုင်းက သူတို့အိမ်မှာရှိသော ခွက်ကြီးကြီး၊ ဇလုံ၊ ပုံးနှင့် ရေသန့်ဘူးကြီးတွေကို ယူဆောင်လာခဲ့ကြပြီး ဆိုင်ရှေ့မှာ တန်းစီနေကြသည်။

အမှန်တကယ်အားဖြင့် ကော်ဖီအခမဲ့ပေးသော ပမာဏမှာ သတ်မှတ်ထားတာကို မသိရှိပဲ ဇလုံကြီးတွေနဲ့ ယူလာခဲ့တာကြောင့် သူတို့ကိုယ်သူတို့ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြသည်။

Rain (For Ialinks)

Crd

Leave a Reply

Your email address will not be published.