၆၆၀၀ကျပ် ရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ၆၄သိန်း၆သောင်းကျော် အမြတ်ရခဲ့တဲ့ ကံထူးတဲ့ဖြစ်ရပ်

Knowledge

Unicode

၆၆၀၀ကျပ် ရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ၆၄သိန်း၆သောင်းကျော် အမြတ်ရခဲ့တဲ့ဖြစ်ရပ်

ဘေထုပ်ရောင်းဝယ်ခြင်းကို နိုင်ငံခြားမှာတော့ thrift shopping လို့ခေါ်ပြီး အဝတ် အစား၊ အသုံးအဆောင်တွေကိုကျရင်တော့ vintage ပစ္စည်းတွေလို့ ခေါ်ပါတယ်။

အမှန်တော့ ဘေထုပ်ဝတ်ခြင်းဟာ ရှက်စရာမကောင်းပါဘူး။ ဟောလိဝုဒ်စတားတွေမှာတောင်မှ vintageအဝတ်အစားအသုံးအဆောင်တွေကိုကြိုက် လွန်းလို့ တမင်ဈေးကြီးပေးဝယ်ကြတဲ့လူတွေရှိပါတယ်။

Thrift shopping လုပ်တဲ့အခါ နာမည်ကျော် ဇိမ်ခံတံဆိပ်တွေရဲ့ ရှေးတုန်းကထုတ်ခဲ့ပြီး နောက်ပိုင်းမူရင်းဆိုင်တွေမှာတောင်ပြန်ရဖို့မလွယ်ကူတဲ့

ပစ္စည်းဟောင်းတွေ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အသုံးအ ဆောင်တွေကို ရှာတွေ့နိုင်သလိုတန်ကြေးကြီးတဲ့ ပစ္စည်းတွေကိုလည်း ဈေးအရမ်းသက်သာစွာရရှိနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံအချို့မှာတော့ ဘေထုပ်တန်းဆိုတာ သပ်သပ်ရှိပြီးvintage ပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ လူတွေမှတမင်အချိန်ပေးကာ သွားတတ်ကြပါတယ်

။ဘေထုပ်အကျီင်္တွေဝယ်တဲ့အခါ အိပ်ကပ်ထဲမှ ဒေါ်လာတွေပါလာတာမျိုး လက်ဝတ်ရတနာပါလာတာမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။

အရင်ပိုင်ရှင်က မေ့ပြီးအိတ်ထဲထည့်မိတဲ့အခါ ပြန်ရောင်းတော့ ပစ္စည်တွေကို အ ကောင်းအတိုင်း ပြန်တွေ့တတ်ပါတယ်။မလေးရှားနိုင်ငံမှ အသက် (၂၉) နှစ်အရွယ် Adam Wan ဟာလည်း ဘေထုပ်ထဲမှ ဆုကြေးပေါက်ခဲ့တဲ့ အမျိုးသားတစ်ဦးပါ။

Adam ဟာ Kelantan မှ Kampung Tualang Salak နားမှာ ဘေထုပ်ဆိုင်ဖွင့်ဖို့အတွက် စီစဉ်နေတာပါ။ ဘေထုပ်ဝယ်တဲ့အခါ အထုပ်လိုက်တစ်ခါတည်းဈေးဖြတ်ဝယ်ရတာမို့ အပေါက်အပြဲအနာအဆာတွေ ပါ,မပါ၊ ပစ္စည်းအကောင်းစားတွေပါ, မပါကတော့ ကိုယ့်ကံနဲ့ဆိုက်ပါတယ်။

Adam ကတော့ (၂၅) ဒေါ်လာပေးကာ ဘေထုပ်နှစ်ထုပ်ကို ဒိုင်ဆီကနေဝယ်လာခဲ့ပါတယ်။ဒါပေမဲ့ Adam ကတော့ ပစ္စည်းကောင်းပါတာထက်ကို

ပိုပြီးကံကောင်းသွားတဲ့ အ ဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပါတယ်။သူဝယ်လိုက်တဲ့ ဘေထုပ်ထဲကကုတ်အကျီင်္ထဲမှာ ပိုက်ဆံအိတ်တစ်အိတ်ကိုရှာတွေ့ခဲ့တာပါ။

ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဂျပန်ယန်း (၅) သိန်း (၅) သောင်းကိုရှာတွေ့ခဲ့ပါတယ်။ယန်း(၅)သိန်း (၅)သောင်းဆိုတာ မလေးရှားရင်းဂစ် (၂) သောင်းနှင့်ညီမျှပြီး ဒေါ်လာ (၄,၈၆၃) ထောင်ကျော်လောက်ရှိပါတယ်။

ပိုက်ဆံတွေကိုရှာတွေ့တွေ့ချင်း အရမ်းမအံ့သြပေမယ့် ပိုက်ဆံရေပြီးတဲ့ အချိန်မှာတော့ အရမ်းများတဲ့ပမာဏကြောင့် တော်တော်လေးကအံ့သြခဲ့ရပါတယ်။

ပိုက်ဆံအချို့ကိုတော့ မလေးရှားငွေနဲ့ ပြန်လဲလှယ်ကာ စီးပွားရေးအတွက် သုံးသွားမှာဖြစ်ပြီး အနည်းငယ်ကိုတော့ လာဘ်ဆောင်တဲ့အနေနဲ့ သိမ်းထားမယ်လို့ Adam ကဆိုပါတယ်။

ဒီအကြောင်းကို အများသူငါမုဒိဓာပွားနိုင်အောင် ဓာတ်ပုံနှင့်တကွ Facebook ပေါ်မှာတင်ထားခဲ့ပါတယ်။ လူအများစုကတော့ ပိုက်ဆံရှာတွေ့ခဲ့တဲ့ကုတ်အကျီင်္နဲ့

ပိုက်ဆံထည့်ထားတဲ့ အိတ်တို့ကို ဈေးကြီးပေးဝယ်နေကြပေမယ့် Adam ကတော့ မရောင်းဘဲ သိမ်းထားမှာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

Comment များထဲတွင် Datuk Mohamad Shukri မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး Adam ဟာ ငွေကိုရှာတွေ့ခဲ့တာမှန်ပေမယ့် ထိုငွေများဟာ သူများဟာဖြစ်တာကြောင့်ပိုင်ရှင်ကိုရှာသင့်ကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ပါက ရဲလက်သို့အပ်သင့်ကြောင်း ဝင်ရောက်ပြောထားပါသေးတယ်။

Adam ကတော့ ဒီဘေထုပ်ထည်များဟာ ဂျပန်မှတစ်ဆင့်လာတာဖြစ်တဲ့အတွက် မလေးရှားမှ အမည်မသိ၊ နေရာမသိဂျပန်နိုင်ငံမှလူတစ်ယောက်ကို

ရှာဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ အခြားဘေထုပ်ရောင်း ဝယ်သမားများလည်း ပစ္စည်းများယခုလိုတွေ့တဲ့အခါ

မိမိကံထူးလို့တွေ့တယ်ဆိုပြီး ယူဆကြောင်းနဲ့ရဲလက်အပ်ဖို့ဆိုတာ ဒီပိုက်ဆံတွေနဲ့ အစိုးရနဲ့ နည်းနည်းမှ မသက်ဆိုင်ကြောင်း ပြန်တုန့်ပြန်ထားပါတယ်။

ခရစ်ဒစ်-မူရင်းရေးသားသူ

Zawgyi

မိမိကံထူးလို့တွေ့တယ်ဆိုပြီး ယူဆကြောင်းနဲ့ရဲလက်အပ်ဖို့ဆိုတာ ဒီပိုက်ဆံတွေနဲ့ အစိုးရနဲ့ နည်းနည်းမှ မသက်ဆိုင်ကြောင်း ပြန်တုန့်ပြန်ထားပါတယ်။crd

Leave a Reply

Your email address will not be published.