ရေလုပ်ငန်းလုပ်ကိုင်ရန်သမီးဖြစ်သူကို ဖခင်းအရင်းမှ ငါးဖမ်းစက်လှေဖြင့်ခေါ်ဆောင်၍မြစ်အတွင်းသို့See more

Local News

Zawgyi









Unicode

ရေလုပ်ငန်းလုပ်ကိုင်ရန်သမီးဖြစ်သူကို ဖခင်းအရင်းမှ ငါးဖမ်းစက်လှေဖြင့်ခေါ်ဆောင်၍မြစ်အတွင်းသို့See more

စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်းကျေးရွာအုပ်စု ရိပ်သာကျွန်းကျေးရွာတွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ဖခင်အရင်းဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူဖခင်အားဖမ်းဆီးအရေးယူထားကြောင်း စစ်ကိုင်းမြို့ နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နံနက်ပိုင်းကစစ်ကိုင်းမြို့နယ် ရိပ်သာကျွန်းကျေးရွာနေ မ . . .အသက်(၁၃)နှစ်သည် ၎င်းအားဖခင်ဖြစ်သူက အဓမ္မပြုကျင့်ကြောင်း ၎င်း၏မိခင်ဖြစ်သူကိုပြန်လည်တိုင်ကြားပြောပြသဖြင့် မိခင်ဖြစ်သူမှ

စစ်ကိုင်းခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောကရေးအသင်းသို့အကူအညီတောင်းခံခဲ့ပြီး ထိုမှတစ်ဆင့် ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့သည်။’ကလေးရဲ့မိခင်က ကျွန်မတို့ စစ်ကိုင်းခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောကရေးအသင်းကို

လာရောက်အကူအညီတောင်းပါတယ်။ ကလေးဖြစ်သူကိုဒီနေ့ပဲ စစ်ကိုင်းဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ဖခင်အရင်းက ပြစ်မှုကျူးလွန်တာပါ။ အခု ရဲတပ်ဖွဲ့က သွားဖမ်းထားပြီးပါပြီ”ဟု မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စစ်ကိုင်းခရိုင်ဥက္ကဌ ဒေါ်ခင်မျိုဌေးက ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး၏ မိသားစုမှာ တံငါလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။ညနေ ၅ နာရီတွင်ဖခင်ဖြစ်သူ စိုးလှိုင်က သမီးဖြစ်သူ မ. . .အသက် ၁၃ နှစ်အား ရေလုပ်ငန်းလုပ်ကိုင်ရန်ငါးဖမ်းစက်လှေဖြင့်ခေါ်ဆောင်၍

ဧရာဝတီမြစ်အတွင်း နှစ်ဦးတည်းသွားရောက်စဉ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ထိုကဲ့သို့ အဓမ္မပြုကျင့်သည်မှာ လွန်ခဲ့သည့် တစ်လခန့်မှစတင်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း မိန်းကလေးငယ်၏ ပြောဆိုချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုးနိုင်အား စစ်ကိုင်းမြို့ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်သန်းနှင့်အဖွဲ့က အခင်းဖြစ်နေရာ နောက်ကြည့်ကျွန်း ကျေးရွာအုပ်စုရိပ်သာကျွန်းကျေးရွာသို့ သွားရောက်ဖမ်းဆီးခဲ့သည်။

Crd

Leave a Reply

Your email address will not be published.