အရေးတော်ပုံ မအောင်မချင်း အိမ်ပြန်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ပိုင်ဖြိုးသု

Cele News

ပရိသတ်ကြီးရေ မြန်မာ့အနုပညာလောကတွင် အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသု ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက်

ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး

ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာရရှိထားသော မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ ဒီကနေ့ April 5 ရက်နေ့ဟာ မင်းသမီးချောလေး ပိုင်ဖြိုးသု ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ “၃၂ နှစ်ပြည့်သွားပြီ၊

မြန်မာအယူနဲ့ဆိုရင် “၃၃”ထဲ‌ဝင်သွားပြီပေါ့၊ အပူးဂဏန်းတွေမှာ ကံအရမ်းဆိုးတတ်တယ် ဆိုတဲ့အစွဲလမ်းတစ်ခုသုသုမှာရှိတယ်၊ သုသု၂၁နှစ်ပြည့်ပြီး၂၂နှစ်ထဲမှာ သုသုအစ်မကြီးဆုံးသွားတဲ့အချိန်ကစလို့ပေါ့၊ အခု၃၃နှစ်ထဲမှာ ဘာတွေဆက်ဖြစ်ဦးမလဲတော့မသိဘူး၊

ဘာတွေဘယ်လိုဖြစ်ဖြစ် “ဝရမ်းပြေး” တံဆိပ်ကပ်ခံထားရတဲ့အချိန်မှာတောင် ချစ်ပေးခင်ပေးကြတဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ ပိုင်ဖြိုးသုကို boycott မလုပ်လိုက်ကြပဲ ည၁၂နာရီကစလို့တစ်နေကုန် birthday wish

လုပ်ပေးနေကြသူအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ wall postတွေ messageတွေတိုင်းကိုreply မလုပ်တာကိုလည်းနားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်။ I just don’t wanna cause any trouble to those who I love သေချာတာကတော့အရေးတော်ပုံ

မအောင်မချင်းသုသုအိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူး၊ ကိုယ့်မိသားစု ကိုယ်မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်ရတော့မှာမဟုတ်ဘူး။ အားလုံးကိုသတိရပါတယ်၊ အိမ်လွမ်းပြီး အိမ်ပြန်ချင်တဲ့စိတ်နဲ့ပဲ မွေးနေ့ကိုဖြတ်သန်းရတာနှစ်နှစ်ရှိသွားပြီ၊ တစ်ချိန်ချိန်တော့ ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေ

သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုဖြတ်သန်းခွင့်ပြန်ရချင်ပါတယ်”လို့ ရေးသားထားပါတယ်။ပရိသတ်ကြီးရေ ပိုင်ဖြိုးသု ဟာ အရေးတော်ပုံမအောင်မချင်း အိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူးလို့ မွေးနေ့မှာကတိပြုလိုက်ပါတယ်။ သက်ရှည်ကျန်းမာပြီး ဘေးကင်းပါစေ သုသုရေ။crd

Leave a Reply

Your email address will not be published.