Zawgyi
အိမ္ခလဖိုးေတာင္းသည္ကို မေပးသည့္ ဖခင္ႏွင့္ အစ္ကိုအား ညီျဖစ္သူကSee more
ယမန္ေန့ည ၈ နာရီခြဲခန႔္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္ ၄ ရပ္ကြက္ ကြမ္းၿခံ ၆ လမ္းတြင္ လူသတ္မႈ ျဖစ္ပြားေၾကာင္း သတင္းရသျဖင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ေလာကသိဂၤဟ ပရဟိတအသင္းမွ တာဝန္ရွိသူမ်ား သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဦး —- သည္ ေနအိမ္၌ ရွိေနစဥ္ သားအငယ္ျဖစ္သူ ကို —– (၃၅) ႏွစ္ေရာက္ရွိလာၿပီး ေငြေၾကး အဆင္မေျပသည့္ အေၾကာင္းအား ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေျပာဆိုရာမွ စကားမ်ားၿပီး ဖခင္ျဖစ္သူအား ဓားျဖင့္ထိုးသတ္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ေနအိမ္မွ ျပန္ထြက္သြားၿပီး လမ္းေဘးတြင္ အရက္ထိုင္ေသာက္ေနသည့္ အစ္ကို ျဖစ္သူကိုလည္း ဓားျဖင့္ ထိုးသတ္ခဲ့ေၾကာင္း အခင္းျဖစ္ပြားရာ ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးထံမွ စုံစမ္းသိရွိရသည္။
“သူ႔အေဖနဲ႔ သူ႔အကိုက တစ္အိမ္ထဲမွာ တူတူေနၾကတာ။ က်ဴးလြန္တဲ့ ေကာင္ေလးက အခင္းျဖစ္ညက သူ႔အေဖအိမ္လာၿပီး သူတို႔ အိမ္လစာေပးဖို႔ အခက္အခဲ ျဖစ္ေနေတာ့ ပိုက္ဆံလာေတာင္းတယ္။ သူ႔အေဖကလည္း နာတာရွည္ျဖစ္ၿပီး အိပ္ရာထဲ လဲေနတာ။ သူ႔အစ္ကိုကလည္း အလုပ္မရွိဘူး။
အဲ့အခ်ိန္မွာ ေကာင္ေလးက စိတ္ဆိုးၿပီး အေဖတို႔က အစ္ကို႔ကိုက်ေတာ့ ေပးတယ္။ ရွာေကြၽးေနရတာ သူပါ ဘာညာဆိုၿပီး ေျပာၿပီး သူ႔အေဖကို ဓားနဲ႔ထိုးလိုက္တယ္။ ၿပီးေတာ့ လမ္းမွာ အိမ္ကေန ထြက္သြားၿပီး လမ္းမွာ အရက္ေသာက္ေနတဲ့ သူ႔အစ္ကို ကိုပါ ဓားနဲ႔ ထိုးသတ္လိုက္တယ္” ဟု ကမာ႐ြတ္ၿမိဳ႕နယ္ ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ဝင္းက ေျပာၾကားသည္။
ဓားျဖင့္ထိုးခံရသျဖင့္ ကို —- (၃၅) ၏ အစ္ကိုျဖစ္သူမွာ အခင္းျဖစ္ပြားရာ ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ဖခင္ျဖစ္သူမွာ ေဆး႐ုံ၌ ေဆးကုသမႈ ခံယူေနစဥ္ ေ!သဆုံ!းသြားခဲ့ေၾကာင္း သိရသည္။
Unicode
အိမ်ခလဖိုးတောင်းသည်ကို မပေးသည့် ဖခင်နှင့် အစ်ကိုအား ညီဖြစ်သူကSee more
ယမန်နေ့ည ၈ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ် ၄ ရပ်ကွက် ကွမ်းခြံ ၆ လမ်းတွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လောကသိင်္ဂဟ ပရဟိတအသင်းမှ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦး —- သည် နေအိမ်၌ ရှိနေစဉ် သားအငယ်ဖြစ်သူ ကို —– (၃၅) နှစ်ရောက်ရှိလာပြီး ငွေကြေး အဆင်မပြေသည့် အကြောင်းအား ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုရာမှ စကားများပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်မှ ပြန်ထွက်သွားပြီး လမ်းဘေးတွင် အရက်ထိုင်သောက်နေသည့် အစ်ကို ဖြစ်သူကိုလည်း ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။
“သူ့အဖေနဲ့ သူ့အကိုက တစ်အိမ်ထဲမှာ တူတူနေကြတာ။ ကျူးလွန်တဲ့ ကောင်လေးက အခင်းဖြစ်ညက သူ့အဖေအိမ်လာပြီး သူတို့ အိမ်လစာပေးဖို့ အခက်အခဲ ဖြစ်နေတော့ ပိုက်ဆံလာတောင်းတယ်။ သူ့အဖေကလည်း နာတာရှည်ဖြစ်ပြီး အိပ်ရာထဲ လဲနေတာ။ သူ့အစ်ကိုကလည်း အလုပ်မရှိဘူး။
အဲ့အချိန်မှာ ကောင်လေးက စိတ်ဆိုးပြီး အဖေတို့က အစ်ကို့ကိုကျတော့ ပေးတယ်။ ရှာကျွေးနေရတာ သူပါ ဘာညာဆိုပြီး ပြောပြီး သူ့အဖေကို ဓားနဲ့ထိုးလိုက်တယ်။ ပြီးတော့ လမ်းမှာ အိမ်ကနေ ထွက်သွားပြီး လမ်းမှာ အရက်သောက်နေတဲ့ သူ့အစ်ကို ကိုပါ ဓားနဲ့ ထိုးသတ်လိုက်တယ်” ဟု ကမာရွတ်မြို့နယ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။
ဓားဖြင့်ထိုးခံရသဖြင့် ကို —- (၃၅) ၏ အစ်ကိုဖြစ်သူမှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ေ!သဆုံ!းသွားခဲ့ကြောင်း သိရသည်။crd