Zawgyi
ထမင္းစားေနစဥ္ ထမင္းပန္းကန္ကို ေျခေထာက္ျဖင့္ကန္တဲ့ သားျဖစ္သူကို ပေထြးမွ…See more
ဧရာ၀တီတိုင္းေဒသႀကီး ဟသၤတာၿမိဳ႕နယ္ တလုေထၳာ္ေက်းရြာအုပ္စု အင္းဂရမ္းေက်းရြာ၌ ၁၀ နာရီခန္႔က လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။စံုစမ္းသိရွိရသည္မွာ ဟသၤာတၿမိဳ႕နယ္ တလုေထၳာ္ေက်းရြာအုပ္စု အင္းဂရမ္းေက်းရြာေန
က်ပန္းလုပ္ကိုင္စားသူ ဦးတင္သန္း ၅၆ ႏွစ္ ေနအိမ္၌ ၁၀ နာရီခန္႔တြင္ မိသားစု ထမင္းစားေနၾကစဥ္ မယားပါျဖစ္သူ ေအာင္မ်ဳိးထက္ (ခ) ဆံရွည္က အရက္မူးၿပီး ထမင္းစားေနသည့္ ပန္းကန္ကို ေျခေထာက္ႏွင့္ ကန္လိုက္သျဖင့္
ပေထြးျဖစ္သူ တင္သန္းက အနီးရွိ ထင္းခုတ္ဓားႏွင့္ ထခုတ္လိုက္ရာ ေအာင္မ်ဳိးထက္၏ ုယာနားထင္ျပတ္ရွဒဏ္ရာ တစ္ခ်က္၊ ေနာက္ေစ့ျပတ္ရွဒဏ္ရာ တစ္ခ်က္၊ ယာလက္ျပတ္ရွဒဏ္ရာတစ္ခ်က္ရွိသျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္စဥ္ေသဆံုးသြားသည္။
ထို႔ေၾကာင့္ အေမတူ အေဖကြဲညီမျဖစ္သူ မလဲ့လဲ့၀င္း၏ တိုင္တန္းခ်က္အရ တလုေထၳာ္နယ္ေျမရဲစခန္းမွ ျပစ္မႈက်ဴးလြန္သူ တင္သန္းအား ဖမ္းဆီးရမိေရးအတြက္ စခန္းမွဴးႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား အပူတျပင္း စံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။
ပုသိမ္-လွၾကည္ ျပန္/ဆက္
Unicode
ထမင်းစားနေစဉ် ထမင်းပန်းကန်ကို ခြေထောက်ဖြင့်ကန်တဲ့ သားဖြစ်သူကို ပထွေးမှ…See more
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတာမြို့နယ် တလုထ္ထော်ကျေးရွာအုပ်စု အင်းဂရမ်းကျေးရွာ၌ ၁၀ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။စုံစမ်းသိရှိရသည်မှာ ဟင်္သာတမြို့နယ် တလုထ္ထော်ကျေးရွာအုပ်စု အင်းဂရမ်းကျေးရွာနေ
ကျပန်းလုပ်ကိုင်စားသူ ဦးတင်သန်း ၅၆ နှစ် နေအိမ်၌ ၁၀ နာရီခန့်တွင် မိသားစု ထမင်းစားနေကြစဉ် မယားပါဖြစ်သူ အောင်မျိုးထက် (ခ) ဆံရှည်က အရက်မူးပြီး ထမင်းစားနေသည့် ပန်းကန်ကို ခြေထောက်နှင့် ကန်လိုက်သဖြင့်
ပထွေးဖြစ်သူ တင်သန်းက အနီးရှိ ထင်းခုတ်ဓားနှင့် ထခုတ်လိုက်ရာ အောင်မျိုးထက်၏ ုယာနားထင်ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်စေ့ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ပြတ်ရှဒဏ်ရာတစ်ချက်ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားသည်။
ထို့ကြောင့် အမေတူ အဖေကွဲညီမဖြစ်သူ မလဲ့လဲ့ဝင်း၏ တိုင်တန်းချက်အရ တလုထ္ထော်နယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သူ တင်သန်းအား ဖမ်းဆီးရမိရေးအတွက် စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
ပုသိမ်-လှကြည် ပြန်/ဆက်
Crd