ကားတိုက်လို့ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကိုလိုက်ပို့တဲ့ ပရဟိတယာဉ် ကားတစ်စီးမှ ထပ်မံပြီး… See more

News

Zawgyi

ကားတိုက္လို့ပ်ံလြန္ေတာ္မူသြားတဲ့ ဘုန္းႀကီးကိုလိုက္ပို့တဲ့ ပရဟိတယာဥ္ ကားတစ္စီးမွ ထပ္မံျပီး… See more

ေမ ၂၇-၂၀၂၂

ဧရာဝတီတိုင္း၊ ေက်ာင္းကုန္းၿမိဳ့နယ္မွာ မေန႔ ေမ ၂၆ရက္ ေန႔လယ္ပိုင္းက လမ္းေဘးသစ္ပင္ဝင္တိုက္လို့ ပ်ံလြန္ေတာ္မူသြားတဲ့ ဘုန္းႀကီးကို လိုက္ပို့တဲ့ ပရဟိတယာဥ္တစီး ထပ္မံယာဥ္တိုက္မွုျဖစ္လို့ ယာဥ္ေမာင္းေသဆုံးသြားတယ္လို့ ေရႊေမတၱာသာေရးနာေရးကူညီမွုအသင္းကေန သိရပါတယ္။

“သြားပို့ေနတဲ့အခ်ိန္မွာ ယာဥ္တစ္စီးနဲ႔တိုက္မိတယ္လို့ ေျပာတယ္၊ အဲ့ဒီမွာပဲဆုံးသြားတာ၊ ကိုထက္နိူင္ေက်ာ္ သူက ပရဟိတအဖြဲ႕မွာ အားကိုးရတဲ့သူပါ”လို့ ေရႊေမတၱာသာေရးနာေရးကူညီမွုအသင္းမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ေက်ာင္းကုန္းၿမိဳ့နယ္၊ ပုသိမ္-မုံရြာကားလမ္းမိုင္တိုင္အမွတ္ ၂/၅ နဲ႔ ၂/၆ ၾကား ဆိပ္ဖူးနီေလးေက်းရြာအနီးမွာ မေန႔ေန႔လယ္ပိုင္းက ယာဥ္တစီးလမ္းေဘးသစ္ပင္ ဝင္ေရာက္တိုက္မိမွုျဖစ္ပြားခဲ့ရာ သံဃာတစ္ပါး ပ်ံလြန္ေတာ္မူၿပီး တစ္ပါးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို့ အုပ္ခ်ဳပ္ေရးနဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

ပဲခူးကေန ပုသိမ္ကို ေမာင္းလာတဲ့ သံဃာေတာ္ငါးပါးလိုက္ပါလာတဲ့ယာဥ္ဟာ ဆိပ္ဖူးနီေလးေက်းရြာအနီးမွာ မိုးသည္းထန္စြာရြာသြန္းလို့ အရွိန္လြန္ကာ လမ္းေဘးသစ္ပင္ကို ဝင္ေရာက္တိုက္မိခဲ့တာျဖစ္တယ္လို့ သူကရွင္းျပပါတယ္။

ယာဥ္တိမ္းေမွာက္လို့ ပ်ံလြန္ေတာ္မူတဲ့ဆရာေတာ္ဟာ ပဲခူးတိုင္း၊ ပန္းေတာင္းၿမိဳ့နယ္၊ စမ္းဝေက်းရြာ၊ မဏိေဇာတိကာ႐ုံေက်ာင္းတိုက္မွ ဥဴးေသာဘဏ သက္ေတာ္(၆၀)ႏွစ္ဝါေတာ္(၁၇)ဝါ ျဖစ္တယ္လို့ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

အဆိုပါယာဥ္တိုက္မွုနဲ႔ပတ္သက္ၿပီး ယာဥ္ေမာင္းျဖစ္သူကို ေက်ာင္းကုန္းၿမိဳ့မရဲစခန္းမွ(ပ)၁၁/၂၀၂၂၊ ပုဒ္မ၃၀၄-က/၃၃၇နဲ႔ အမွုဖြင့္အေရးယူထားတယ္လို့ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

Unicode

ကားတိုက်လို့ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကိုလိုက်ပို့တဲ့ ပရဟိတယာဉ် ကားတစ်စီးမှ ထပ်မံပြီး… See more

မေ ၂၇-၂၀၂၂

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မနေ့ မေ ၂၆ရက် နေ့လယ်ပိုင်းက လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတယာဉ်တစီး ထပ်မံယာဉ်တိုက်မှုဖြစ်လို့ ယာဉ်မောင်းသေဆုံးသွားတယ်လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

“သွားပို့နေတဲ့အချိန်မှာ ယာဉ်တစ်စီးနဲ့တိုက်မိတယ်လို့ ပြောတယ်၊ အဲ့ဒီမှာပဲဆုံးသွားတာ၊ ကိုထက်နိူင်ကျော် သူက ပရဟိတအဖွဲ့မှာ အားကိုးရတဲ့သူပါ”လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂/၅ နဲ့ ၂/၆ ကြား ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မနေ့နေ့လယ်ပိုင်းက ယာဉ်တစီးလမ်းဘေးသစ်ပင် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပဲခူးကနေ ပုသိမ်ကို မောင်းလာတဲ့ သံဃာတော်ငါးပါးလိုက်ပါလာတဲ့ယာဉ်ဟာ ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ယာဉ်တိမ်းမှောက်လို့ ပျံလွန်တော်မူတဲ့ဆရာတော်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝကျေးရွာ၊ မဏိဇောတိကာရုံကျောင်းတိုက်မှ ဥူးသောဘဏ သက်တော်(၆၀)နှစ်ဝါတော်(၁၇)ဝါ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ကျောင်းကုန်းမြို့မရဲစခန်းမှ(ပ)၁၁/၂၀၂၂၊ ပုဒ်မ၃၀၄-က/၃၃၇နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။crd

Leave a Reply

Your email address will not be published.