မြိတ်မြို့ အထက်တန်းကျောင်းရှေ့၌ ၃ ရက်အတွင်း စတင်ပြသပါပြီ…

News

မြိတ်မြို့ အထက်တန်းကျောင်းရှေ့၌ ၃ ရက်အတွင်း ဗုံး ၃ ကြိမ်ပေါက်ကိုရွှေမြိတ်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်ရှိ အထက (၇) အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင် သုံးရက်အတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရ သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်သည် မေလ ၂၅ နေ့ ညနေ ၆နာရီ ၃၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ မေလ ၂၆ ရက်နေ့ နံနက် ၉နာရီ၃၀မိနစ်ခန့်တွင် တစ်ကြိမ် နှင့် ယနေ့ မေလ ၂၇ ရက်နေ့

နံနက်ပိုင်းများတွင် တစ်ကြိမ် စုစုပေါင်း ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗုံးပေါက်ကွဲမှုက သုံးရက်ဆက်တိုက် သုံးကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်”ဟု အဆိုပါ ကျောင်း အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး လှုပ်ရှားမှုကို တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အသီးသီး၌ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

“ဒီနေ့ မနက်တော့ ကျောင်းရှေ့မှာ စစ်ကားတွေ ချထားတော့ တွေ့တယ်။ ပေါက်ကွဲမှု ထပ် ဖြစ်တယ်လို့ သိရပါတယ်”လို့ မြို့သစ်ရပ်ကွက်နေဒေသခံ တစ်ဦးက ပြော သည်။

မြို့သစ်ရပ်ကွက်ရှိ အထက (၇) အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံသတင်း အရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – ပုံအဟောင်း

မြိတ်မြို့ အထက်တန်းကျောင်းရှေ့၌ ၃ ရက်အတွင်း ဗုံး ၃ ကြိမ်ပေါကကိုရွှေမြိတ်

Crd

Leave a Reply

Your email address will not be published.