ရွှေရည်ဦးစားသောက်ဆိုင်တွင် ခမရ ၅၃၄ တပ်ရင်းမှူး နှုတ်ဆက်ပွဲလုပ်နေစဉ်ဗုံးပေါက်ကွဲ

News

ကျော်လင်း/ဧရာဝတီတိုင်းမ်

မော်ကျွန်း၊ မေလ ၂၇ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အခြေစိုက် အမှတ် ၅၃၄ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည်သူကျော်၏ နှုတ်ဆက်ပွဲကို မေလ၂၆ ရက် ယမန်နေ့ညပိုင်းက မော်ကျွန်းမြို့ ရွှေရည်ဦးစားသောက်ဆိုင်တွင်ပြုလုပ်နေစဉ် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ဆေးပင်စင်နှုတ်ထွက်ခွင့်ဖြင့်ထွက်ခွာမည့် အဆိုပါ တပ်ရင်းမှူးက နူတ်ဆက်ထွက် ခွာပွဲကို ရွှေရည်ဦးစားသောက်ဆိုင်တွင် ရွှေသံစဉ်တီးဝိုင်းဖြင့် ဧည့်ခံချိန် ည ၉ နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“သူကဆေးပင်စင်နဲ့နားတာလို့သိရတယ်။ မော်ကျွန်း ၅၃၄ မှာသူကအကြီးဆုံးဘဲ။သူ့နှုတ်ဆက်ပွဲကိုစားသောက်ဆိုင်မှာဆိုပျော်တွေနဲ့လုပ်တာ။ တီးဝိုင်းသံကိုတောင် ကျော်ပြီး ဗုံးကွဲတဲ့အသံက ဟိန်း ထွက်လာတာ တမြို့လုံးကကြားရတယ်။ အသံတော် တော်ကျယ်ပါတယ်။ လူအထိအခိုက်တာတော့မကြားဘူး “ဟု မော်ကျွန်းဒေသခံတဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မော်လမြိုင်ကျွန်းမြို့နယ် မြို့ ပြပျောက်ကျားတပ်ဖွဲ့ Mawgyun- STF တပ်ဖွဲ့မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလအတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ရာတွင် အဓိကတာဝန်ရှိသူ ၅၃၄ တပ် ရင်းမှူး ထွန်းစည်သူကျော်၏ နှုတ်ဆက်ပွဲကိုဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားသည်။

ဓာတ်ပုံ – ခမရ ၅၃၄ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည်သူကျော်

#Ayeyarwaddy_Times

မော်ကျွန်းမြို့ ရွှေရည်ဦးစားသောက်ဆိုင်တွင် ခမရ ၅၃၄ တပ်ရင်းမှူး နှုတ်ဆက်ပွဲလုပ်နေစဉ်ဗုံးပေါက်ကွဲ

Crd

Leave a Reply

Your email address will not be published.