ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရခိုင်ပြောင်းရွှေ့ခိုင်းလို့ စိတ်ဝမ်းကွဲမှုများဖြစ်ကာ…

News

ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရခိုင်ပြောင်းရွှေ့ခိုင်းလို့ စိတ်ဝမ်းကွဲမှုများရှိနေ

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

ဧရာဝတီ၊ မေလ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်-AA နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ထဲကို စစ်အင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့သလို ရဲအင်အားတွေလည်း ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက အာဏာသိမ်းစစ်ကောင်စီ ဩဇာခံ ရဲတပ်သားအဆင့်ကနေ ရဲတပ်ကြပ်ကြီးအဆင့်ထိကို ပြီးခဲ့တဲ့ မေလ တတိယပတ်ကစတင်ကာ ရခိုင်ကို ရွှေ့ပြောင်းဖို့အတွက် စေလွှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝိုင်းအသိုင်း ဝိုင်းက သိရပါတယ်။

“ လဆန်းပိုင်းထဲက အမိန့်က နရခ(ရဲတပ်ဖွဲ့ဌာနချုပ်) ကထွက်တာ ပြောင်းရတာတော့ ဒီတတိယပတ်မှာ တိုင်းရုံးမှာစုပြီး ထွက်ရတာ အားလုံးအတူထွက်ရတာ တာဝန်ခံ အရာရှိက လိုက်ပို့ပေးရတာ”လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုပြောင်းရွှေ့ရတဲ့ စစ်ကောင်စီဩဇာခံရဲတွေကို ထွက်ပြေးမှာဆိုးလို့ အရာရှိ ဦးဆောင်ကာ ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ အမှတ် ၉ ရဲတပ်ရင်းကိုလိုက်ပို့ပြီး အဲ့ကနေ ရေလမ်းခရီးနဲ့ ရခိုင် ပြည်နယ်ကို ပို့ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ကိုပြောင်းရွှေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစဉ်လိုက်ပြောင်းရွှေ့ရတယ်လို့ ပြောပေးမယ့် လုပ်သက်ငယ်တွေ သူတွေ နှစ်မကြာသေးတဲ့သူတွေပါပြီး လူကြီးတွေနဲ့ အဆင်ပြေတဲ့သူတွေ မပါလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အကြား စိတ်ဝမ်းကွဲတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရခိုင်ပြောင်းရွှေ့ခိုင်းလို့ စိတ်ဝမ်းကွဲမှုများရှိနေ

Crd

Leave a Reply

Your email address will not be published.