ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရတဲ့ သရုပ်ဆောင် ရဲတိုက်အတွက် အယူခံဝင်သွားမယ်လို့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးထုတ်ပြန်..

Cele News

ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရတဲ့ သရုပ်ဆောင် ရဲတိုက်အတွက် အယူခံဝင်သွားမယ်လို့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးထုတ်ပြန်..

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်မင်းသားချော ရဲတိုက်ကတော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။


ရဲတိုက်ကို ဒီကနေ့ (၂၇) နေ့မှာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျစေဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တာ ဖြစ်ပါတယ်။ “ ဒီနေ့အမိန့်ချလိုက်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ပါ။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု တရားလွှတ်တော်ရှေ့နေက ပြောကြားခဲ့ပါတယ်။


ရဲတိုက်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ အမှုအတွက် အမိန့်ချမှတ်ခံ ခဲ့ရခြင်းဖြစ်ပါတယ်။ ရဲတိုက်က အရင်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခံထားရပါတယ်။စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရတဲ့ ရဲတိုက်ကို လက်ရှိချမှတ်တဲ့ ၁၀ နှစ်စာအတွက် အယူခံဝင်သွားမယ်လို့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Crd

zawgyi




Crd

Leave a Reply

Your email address will not be published.