ချမ်းသာကြွယ်ဝမည့် လက်မပိုင်ရှင်များ

Knowledge

ချမ်းသာကြွယ်ဝမည့်လက်မပိုင်ရှင်များအကြောင်းလူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေအဲ့ဒီလူ ဘယ်လိုလူစားမျိုးလဲဆိုတာပြောပြပေးနိုင်တဲ့အချက်တွေရှိနေပါတယ်။

ဒီတစ်ခါတော့ လက်မကိုကြည့်ပြီးအဲ့ဒီလူဘယ်လိုစိတ်နေစိတ်ထား၊ကိုယ်ရည်ကိုယ်သွေးရှိမယ်ဆိုတာပြောပြပေးနိုင်တဲ့အကြောင်းလေးဖတ်ကြည့်လိုက်ပါဦး။

ဖြောင့်တန်းနေတဲ့လက်မ

လက်မထောင်လိုက်တဲ့အခါမှာဖြောင့်တန်းနေပြီးနောက်ကိုကွေးညွတ်နေခြင်းမရှိတဲ့လက်မပိုင်ရှင်ဖြစ်မယ်ဆိုရင် သင်ဟာအရာရာကိုအရမ်းအလေးအနက်ထားတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။

စိတ်ဓာတ်မာကြောပြီးခံစားလွယ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။သင့်ရဲ့စိတ်လှုပ်ရှားမှုကိုပြလေ့မရှိတဲ့သူ တစ်ဦးဖြစ်ပေမဲ့စိတ်ဓာတ်ကျတတ်သူတစ်ဦးတော့မဟုတ်ပါဘူး။

ကွေးနေတဲ့လက်မ

လက်မထောင်လိုက်တဲ့အခါ နည်းနည်းဖြစ်စေ၊များများဖြစ်စေကွေးနေတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကိုအများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလိုအတွေးတွေကိုလည်းထုတ်ဖော်ပြောရမှာနှစ်သက်တတ်သူတွေဖြစ်ပါတယ်။

လက်မရဲ့ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင် (လက်မထောင်လိုက်ရင်အပေါ်အဆစ်ကိုပထမအဆစ် အဖြစ်သတ်မှတ်ပါတယ်) စိတ်စွမ်းအားကိုယုံကြည်သူတစ်ဦးဖြစ်ပြီးအလုပ်ကိုအရမ်းကြိုးစားတတ်သူတစ်ဦးဖြစ်ပါတယ်။

အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင်လည်းတော်တော့်ကိုသစ္စာကြီးသူတစ်ယောက်ပါ။

လက်မရဲ့ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုတိုနေမယ်ဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်အားလုံးကိုစိတ်ခံစားချက်ထက်လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီးချတတ်ပါတယ်။

စိတ်ခံစားချက်နဲ့လက်တွေ့ကျတာကိုယှဉ်လာရင် လက်တွေ့ကိုပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ပတ်သက်လာရင် သင့်လျော်တဲ့လက်တွဲဖော်နဲ့တွေ့နိုင်ဖို့အခွင့်အရေးကောင်းတွေနဲ့ လွဲသွာတတ်ပါတယ်။

ဒီပြဿနာကိုကျော်လွှားနိုင်ဖို့အတွက် သင့်အနေနဲ့အချစ်ကိုရှာဖွေတဲ့အခါမှာ လက်တွေ့ ကျတာတွေကိုနောက်မှာထားပြီးခံစားချက်လေးကိုအနည်းငယ်ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Credit to orginal

Leave a Reply

Your email address will not be published.