တစ်လဝင်ငွေ ဒေါ်လာ ၇,၀၀၀ ကျော်ရှိတဲ့ Sexy Model နန်းမွေစံ Passport ရုံးသို့ သက်တမ်းသွားတိုးစဉ် သူမ၏ Passport နှင့်စာရွက်စာတမ်းများ အသိမ်းခံခဲ့ရကြောင်းသိရ




သတင်းအပြည့်အစုံဖတ်ရန်‼️
မော်ဒယ်နန်းမွေစံ ပတ်စ်ပို့အသိမ်းခံရပြီး ဘန်ကောက်ခရီးစဉ် ဖျက်သိမ်းခဲ့ရ
ဧရာဝတီ၊ မေ ၂၈၊ ၂၀၂၂
မြန်မာနိုင်ငံမှ Sexy မော်ဒယ်နန်းမွေစံဟာ ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ သူ့ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရပြီး သူ သွားရောက်မယ့် ဘန်ကောက်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ပြောပြချက်အရ နန်းမွေစံရဲ့ ပတ်စ်ပို့စာအုပ်ကို မတ် ၃၁ ရက်ကတည်းက ပြန်မပေးခဲ့တာကြောင့် ဘန်ကောက်သွားမယ့်ခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။




အာဏာသိမ်း စစ်ကောင်စီက နန်းမွေစံရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားခွင့် စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပြီး ပတ်စ်ပို့စာအုပ်အသစ်ကို ထုတ်ပေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။




သို့သော် မည်သည့်အတွက်ကြောင့် ယခုလို ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမူ ဖော်ပြထားခြင်း မရှိခြင်းပေ။




နန်းမွေစံက သူ့ရဲ့ဖခင် ကျန်းမာရေးကြောင့် ဘန်ကောက် ရီးစဉ်သွားရောက်ဖို့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ်မှာ အခုလို ကြုံခဲ့ရတာဖြစ်ပြီး ဒါဟာ မတရားဘူးလို့လည်း ထိုင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။




သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေလည်း ဒီသတင်းအကြောင်းအရာတွေကို မျှဝေထားပါတယ်။ ဧရာဝတီသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ နန်းမွေစံထံ ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပေ။




နန်းမွေစံဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက Sexy အဖော်အချွတ် ဓာတ်ပုံများ ရိုက်ကူးခြင်းကြောင့် သူ့ရဲ့ ဆေးကုသခွင့်လိုင်စင် (ဆမလက်မှတ်) သိမ်းဆည်းခံခဲ့ရပြီး နန်းမွေစံဟာ Only Fans ဝက်ဘ်ဆိုက်မှာ ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်အနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။




Sexy မော်ဒယ် နန်းမွေစံကတော့ Facebook လူမှုကွန်ရက်မှာ Follower ၂ သိန်း ၇ သောင်းကျော်နဲ့ Instagram လူမှုကွန်ရက်မှာ Follower ၆ သိန်း ၁ သောင်းကျော် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တဦးဖြစ်ပြီး သူ့ရဲ့ Sexy ဓာတ်ပုံများ ရိုက်ကူးခြင်းကနေ ၁ လဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။crd